အောင်လံမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များနှင့် ဒေသ သမိုင်းအကျဉ်း
အောင်လံမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များနှင့် ဒေသ သမိုင်းအကျဉ်း
==========================================
အောင်လံမြို့နယ်သည် အာလံမြို့၊ မြေထဲမြို့၊ အောင်လံမြို့ ဟုသုံးမည်ရခဲ့သော မြို့တစ်မြို့ဖြစ် ပါသည်။ မြန်မာသက္ကရာဇ် (၁၁၈၉) ခုနှစ်တွင် မြေထဲမြို့ဝန် ဦးပိုမွ မြေထဲမြို့ကို စတင်တည်ထောင်ခဲ့ပါသည်။(၁၁၈၇) ခုနှစ်တွင် တရော်ကုန်းကျေုးရွာအား တပ်မြို့အဖြစ်ဖွဲ့စည်းတည်ထောင် ခဲ့သည့် မေဂျာ အာလံကို အစွဲပြု၍ အာလံမြို့ဟုခေါ်တွင် ခဲ့ပါသည်။ ယင်နောက် ပြည်ထဲရေးဝန်ကြီးဌာန၏ (၁-၁၀-၁၉၅၈) ရက္စြဲပါ အမိန့် ကြော်ငြာစာ (၈၂၀) အရ အောင်လံမြို့ဟုခေါ်တွင်ခဲ့ပါသည်။ ယင်းနောက် ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာန၏ (၁၀-၇-၁၉၈၅) ရက်စွဲပါစာအမှတ်၊ ၂/ ၁၃၀/ အထ(၂) ဖြင့် ထုတ်ပြန်သည့် အမိန်ကြော်ငြာစာအရ မြေထဲမြို့ဟုခေါ်တွင်ခဲ့ပါသည်။ (၇-၂-၁၉၉၅) ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ စာအမှတ်၊ ၂ /၁၃၀/အထ(၂)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော် ငြာစာ ပြင်ဆင်ချက်ဖြင့် အောင်လံမြို့ဟု ခေါ်တွင်ခဲ့ပါသည်။
တည်နေရာအကျယ်အဝန်း
===============
အောင်လံမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၅၈ မီနစ်မှ ၁၉ ဒီဂရီ ၂၉ မီနစ်အတွင် အရှေ့လောင်ဂျီတွဒ် ၉၀ ဒီဂရီ ဝ၇ မီနစ်မှ ၉၅ ဒီဂရီ ၉၆ မီနစ်အတွင် ပင်လယ်ရေမျက်နှာပြင်အထက် (၈၅ပေ) တွင် တည်ရှိပါသည်။ ဧကအားဖြင့် (၆၆၁၅၃၅) ဧက ကျယ်ဝန်းပါသည် အောင်လံမြို့နယ်သည် အရှေ့နှင့် အနောက်(၃၆)မိုင်၊ တောင်နှင့်မြောက်(၃၈)မိုင်ကျယ်ဝန်းပါသည်။ အောင်လံမြို့နယ်၏အကျယ်အဝန်းမှာ (၁၀၃၃.၆၄၉) စတုရန်းမိုင်နှင့် မြို့၏အကျယ်အဝန်းမှာ (၈.၅၈) စတုရန်းမိုင် ဖြစ်ပါသည်။
နယ်နိမိတ်
======
အောင်လံမြို့နယ်သည် အရှေ့ဘက် ရမည်းသင်းခရိုင်၊ တောင်ငူခရိုင်၊ အနောက်ဘက်တွင် သရက်မြို့နယ်၊ ကံမမြို့နယ်၊ တောင်ဘက်တွင် ပြည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ မြောက်ဘက်တွင် ဆင်ပေါင်ဝဲမြို့နယ်တို့ဖြင့် နယ်နိမိတ် ထိစပ်လျှက် တည်ရှိပါသည်။
မြေမျက်နှာသွင်ပြင်
==========
အောင်လံမြို့နယ်သည် မြေပြန့်လွင်ပြင်အနေအထားဖြစ်ပြီး တောင်ကုန်းအနည်းငယ်ရှိပါသည်။ သစ်တောကြိုးဝိုင်း ဧရိယာများလည်း တည်ရှိပါသည်။ အရှေ့ဘက်တွင် ပဲခူးရိုးမတောင်တန်းကြီးသည် တောင်မှမြောက်သို့ သွယ်တန်းလျက်ရှိပါသည်။
ရေဆင်း
=====
အောင်လံမြို့နယ်တွင် ဧရာဝတီမြစ်သည် မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းပြီး (၃၉)မိုင် ရှည်လျားပါသည်။ ဘွတ်ကြီး ချောင်းသည် အရှေ့မှ အေနာက္သို့ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပြီး (၄၀)မိုင် ရှည်လျားပါသည်။ ပဒဲချောင်းသည် အရှေ့မှ အေနာက္သို့ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပြီး (၉)မိုင် ရှည်လျားပါသည်။ ကြေးနီချောင်းသည် အရှေ့မှ အေနာက္သို့ ဧရာဝတီမြစ်အတွင်း စီးဝင်ပြီး (၂၆)မိုင် ရှည်လျား ပါသည်။ အောင်လံမြို့နယ်အတွင်းရှိ မြစ်ချောင်းရေများသည် ရေချိုအမျိုးအစားမျိုး ဖြစ်ပြီး သောက်ရေ/သုံးရေနှင့် စိုက်ပျိုးရေများကိုလည်း ကောင်းမွန်စွာ အသုံးပြုနိုင်သော ရေအရင်းအမြစ်များ ဖြစ်ပါသည်။
ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်
=====================
အောင်လံမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် (၈၅)ပေ အထက်တွင် တည်ရှိပါသည်။
ရာသီဉတုနှင့်သဘာဝပတ်ဝန်းကျင်
===================
ရာသီဉတု
=====
အောင်လံမြို့နယ်သည် အပူပိုင်းစိုစွတ်ရာသီဉတုရှိပြီး အမြင့်ဆုံးအပူချိန် ၄၄.၇ စင်တီဂရိတ်၊ အနိမ့်ဆုံး အပူချိန်မှာ ၀၈.၉ စင်တီဂရိတ် ဖြစ်ပါသည်။
သဘာဝပေါက်ပင်များ
============
အောင်လံမြို့နယ်တွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သစ်ရာ၊ အင်ကြင်း၊ ဇီးဖြူ၊ တယ်၊ ထောက်ရှာ၊ ရုံး၊ သန်း၊ ဒဟတ်၊ ဒီးဒူး၊ နဘဲ၊ ရွား၊ ဇောင်းပလွေး၊ ပေါက်ပင်များ ပေါက်ရောက်ပါသည်။
တောရိုင်းတိရစၧာန်များ
===========
အောင်လံမြို့နယ်တွင် ဟိုင်းဆင်၊ စိုင်၊ ပြောင်၊ ဆတ်၊ ဂျီ၊ တောဆိတ်၊ တောင်ဆိတ်၊ တောဝက်၊ တောကြွက်၊ မြွေ၊ ယုန်၊ ခါ၊ ဖွတ်၊ ပုတတ်၊ လိပ်၊ ငုံး၊ ဒေါင်း၊ ရစ်၊ သိမ်း၊ ချိုး၊ ဆက်ရက်၊ စာကေလး၊ ကြက်တူရွေး၊ ကျီးကန်း၊ မျောက်အမျိုးမျိုးတို့အား လေ့လာတွေ့ရှိရပါသည်။
သဘာဝပတ်ဝန်းကျင်လက်ရှိအခြအနေ
=====================
အောင်လံမြို့နယ်၏ လက်ရှိ သဘာဝပတ်ဝန်းကျင်အခြေအနေမှာ သစ်တောဖုံးလွှမ်းမှု (၂၇.၉၁%) ရှိပါသည်။ ၎င်းတို့အနက်မှ ကြိုးဝိုင်းသစ်တောဖုံးလွှမ်းမှုမှာ (၄၆.၇၉%) ရှိပါသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ
==========================
အောင်လံမြို့နယ်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ကြိုးဝိုင်းတော (၁၁၁၂၇၄.၅၂)ဧက၊ ကြိုးပြင်တော (၂၂၄၅.၂၄၇)ဧက၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော (၉)ခု ထိန်းသိမ်းလျှက်ရှိပါသည်။ သစ်တောစိုက်ခင်းတည်ထောင်နိုင်မှုမှာ ပုဂ္ဂလိကကျွန်းစိုက်ခင်း (၆၁၈)ဧက၊ သစ္မာ(၄၇)ဧက၊ ကျေးရွာထင်းစိုက်ခင်း(၅၅)ဧက ဖြစ်ပါသည်။
သဘာဝဘေးအန္တရာယ်ကျရောက်မှု
===================
အောင်လံမြို့နယ်သည် မြန်မာနိုင်ငံ၏အလယ်ပိုင်းဒေသတွင်တည်ရှိပြီး အရှေ့ဘက်တွင် ပဲခူးရိုးမ တောင်တန်းကြီး တည်ရှိသောကြောင့် အရေးပေါ်သဘာဝဘေအန္တရာယ်ကျရောက်နိုင်ခြင်း အလွန်နည်းပါးသော အခြေအနေတွင်တည်ရှိပြီး အောင်လံမြို့နယ်အတွင်း မြစ်၏စိုးရိမ်ရေမှတ်မှာ (၂၅၅၀) စင်တီမီတာဖြစ်ပါသည်။ အောင်လံမြို့နယ်အတွင်းမုန်တိုင်းဘေး၊ ဆူနာမီဘေး၊ ငလျင်ဘေးနှင့် ရေဘေးများကြုံတွေ့ခဲ့ရခြင်းမရှိပါ။ မိုးတွင်းကာလတွင်မတော်တဆရေကြီးမှုများ မဖြစ်ပွားစေရေးအတွက် ဒေသခံပြည်သူများအား လှုံ့ဆော်ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပါသည်။ ပူပြင်းခြောက်သွေ့သည့် ရာသီတွင်လည်းမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်များကို သက်ဆိုင်ရာရပ်ကွက် /ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ အသံချဲ့စက်ဖြင့်လှည့်လည်ဆော်အောခြင်းများ ဆောင်ရွက်ပေးလျက်ရှိ ပါသည်။
လူဦးရေဆိုင်ရာအချက်အလက်များ
===================
နေထိုင်သည့်တိုင်းရင်းသားလူမျိုးများ
====================
အောင်လံမြို့နယ်အတွင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများမှာအောက်ပါအတိုင်းဖြစ်ပါသည်-
၁။ ကချင် = ၅ ဦး
၂။ ကယား =၂ ဦး
၃။ ကရင် =၂၁ ဦး
၄။ ချင်း = ၁၆၂၀၃ ဦး
၅။ ဗမာ = ၂၂၁၃၃၉ ဦး
၆။ ရခိုင် = ၃၄ ဦး
၇။ ရှမ်း = ၃၄ ဦး
မြို့နယ်ချုပ် = ၂၃၇၆၃၈ ဦး
အိမ်ခြေ၊ အိမ်ထောင်စု၊ လူဦးရေ
==================
အောင်လံမြို့နယ်၏ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ လူဦးရေမှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က) အိမ်ခြေ/အိမ်ထောင်စု
အောင်လံမြို့နယ်တွင် မြို့ပေါ်ရှိ အိမ်ခြေ (၁၁၂၆၂)အိမ်၊ အိမ်ထောင်စု (၁၂၀၆၈)စုရှိပြီး ကျေးလက်နေ အိမ်ခြေ (၄၆၅၆၈)အိမ်၊ အိမ်ထောင်စု (၄၈၀၁၇)စုရွိရာ စုစုပေါင်းအိမ်ခြေ (၅၇၈၃၀)အိမ်နှင့် အိမ်ထောင်စု (၆၀၀၈၅)စု ရှိပါသည်။
(ခ) လူဦးရေ
အသက်(၁၈)နှစ်အထက်
________________
မြို့ပေါ်နေ က်ား(၁၆၂၄၀)ဦး၊ မ(၁၉၅၅၂)ဦး၊ စုစုပေါင်း(၃၅၇၉၂)ဦး
ကျေးလက်နေ က်ား(၆၀၇၇၈)ဦး၊ မ(၆၆၁၁၅)ဦး၊ စုစုပေါင်း(၁၂၆၈၉၃)ဦး
မြို့နယ်အတွင်း က်ား(၇၇၀၁၈)ဦး၊ မ(၈၅၆၆၇)ဦး၊ စုစုပေါင်း(၁၆၂၆၈၅)ဦး
အသက်(၁၈)နှစ်အောက်
________________
မြို့ပေါ်နေ က်ား(၇၈၇၀)ဦး၊ မ(၈၀၁၄)ဦး၊ စုစုပေါင်း(၁၅၈၈၄)ဦး
ကျေးလက်နေ က်ား(၃၁၃၅၀)ဦး၊ မ(၃၀၈၉၁)ဦး၊ စုစုပေါင်း(၆၂၂၄၁)ဦး
မြို့နယ်အတွင်း က်ား(၃၉၂၂၀)ဦး၊ မ(၃၈၉၀၅)ဦး၊ စုစုပေါင်း(၇၈၁၂၅)ဦး
မြို့နယ်ချုပ်
_______
မြို့ပေါ်နေ က်ား(၂၄၁၁၀)ဦး၊ မ(၂၇၅၆၆)ဦး၊ စုစုပေါင်း(၅၁၆၇၆)ဦး
ကျေးလက်နေ က်ား(၉၂၁၈၂)ဦး၊ မ(၉၇၀၀၆)ဦး၊ စုစုပေါင်း(၁၈၉၁၃၄)ဦးမြို့နယ်အတွင်း က်ား(၁၁၆၂၃၈)ဦး၊
မ(၁၂၄၅၇၂)ဦး၊ စုစုပေါင်း(၂၄၀၈၁၀)ဦး
အုပ်ချုပ်ရေးဆိုင်ရာအချက်အလက်များ
=====================
အုပ်ချုပ်ရေးမှူးရုံးများ
_____________
မြို့နယ်ရုံး(၁)ရုံး၊ ရက်ကွက်ရုံး(၉)ရုံး၊ ကျေးရွာအုပ်စု(၉၁)အုပ္စု၊ ကျေးရွာပေါင်း(၂၄၇)ရွာ
အောင်လံမြို့နယ်ရှိဌာနဆိုင်ရာများ
==================
၁။ မြို့နယ်ထွေအုပ်
၂။ တရားရုံး
၃။ ဉပဒေရုံး
၄။ ကော်မရှင်ရုံး
၅။စာရင်းစစ်ရုံး
၆။ ရဲတပ်ဖွဲ့
၇။ မီးသတ်တပ်ဖွဲ့
၈။ စည်ပင်
၉။ ပြန်ဆက်
၁၀။ သမဝါယမ
၁၁။ စိုက်ပျိုးရေး
၁၂။ လယ်စီနှင့်စာရင်းအင်း
၁၃။ ဆယ်မြောင်း
၁၄။ စက်မှုလယ်ယာ
၁၅။ ရေအရင်းမြစ်
၁၆။ မျိုးသန့်ခြံ
၁၇။ တိ-မွေး-ကု
၁၈။ ဆက်သွယ်ရေး
၁၉။ စာတိုက်
၂၀။ မိုက္ကရို
၂၁။ မိုးဇလ
၂၂။ သစ်တော
၂၃။ လျှပ်စစ်
၂၄။ လဝက
၂၅။ စက်မှုကြီးကြပ်
၂၆။ စားသုံးသူရေးရာ
၂၇။ အား/ကာ
၂၈။ ပညာရေး
၂၉။ ကျန်းမာရေး
၃၀။ တိုင်းရင်းဆေး
၃၁။ ကေ်း/ဖြံ့
၃၂။ စီးဘဏ်
၃၃။ ပြည်တွင်းအခွန်
၃၄။ စီမံကိန်း
၃၅။ လမ်းဦးစီး
၃၆။ ကျေးလက်လမ်း
၃၇။ အလုပ်သမားညွှန်ကြား
၃၈။ အလုပ်ရုံဉပဒေ
၃၉။ ဘူတာ
၄၀။ ရေကြောင်း
၄၁။ ပျားလုပ်ငန်း
၄၂။ စိမ်းစို
၄၃။ မြစ်ချောင်းဖြိုး
၄၄။ ဖွံ့ဖြိုးဘဏ်
၄၅။ လူမွုဖူလုံ
၄၆။ ကုန်တင်ကုန်ချ
၄၇။ (၉၆)သစ်စက်
နိုင်ငံရေးပါတီများ
=========
၁။ ပြည်ခိုင်ဖြိုး
၂။ NLD
၃။ တစည
၄။ အရှိုချင်း
၅။ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၆။ ညီညွတ်သောဒီမိုကရက်တစ်ပါတီ
၇။ အမျိုးသားတိုးတက်ရေးပါတီ
၈။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
ရွေးချယ်ခံရသောလွှတ်တော်ကိုယ်စားလှယ်များ
==========================
ပြည်သူ့လွှတ်တော်
____________
ဦးအောင်ထူးမြင့် (NLD ပါတီ)
အမျိုးသားလွှတ်တော်
______________
ဦးဝင်းမြင့် (NLD ပါတီ)
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
__________________
ဦးအေးကျော် (NLD ပါတီ)
စီးပွားရေးဆိုင်ရာအချက်အလက်
==================
စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်
==================
အောင်လံမြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်းတည်ရှိပြီး စီးပွားရေးအရဖွံ့ဖြိုးတိုးတက်မှုရှိသောမြို့ နယ်တစ်ခုဖြစ်ပါသည်။ မြို့နယ်အတွင်းရှိဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်း/ဝန်ဆောင်မှုလုပ် ငန်းနှင့် ကုန်သွယ်ရောင်းဝယ်ရေးလုပ်ငန်းကိုအဓီကလုပ်ကိုင်ကြပါသည်။ အောင်လံမြို့နယ်သည် ပြည်- အောင်လံ- မကွေးလမ်းမကြီးပေါ်တွင် တည်ရှိပြီးလမ်းပန်းဆက်သွယ်ရေးကောင်းမွန်သောမြို့နယ်ဖြစ်ပါ သည်။ ဧရာဝတီမြစ်ကြောင်းမှသွားလာနိုင်သောမြို့နယ်တခုဖြစ်ပါသည်။ မြို့နယ်၏အဓိကထွက်ကုန်မှာ စပါး၊ ဝါ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ကြံ၊ ပြောင်း၊ ပဲမျိုးစုံတို့ထွက်ရှိပြီး ရန်ကုန်-ပြည်-မကွေးဒေသများသို့ အများဆုံးတင်ပို့ရောင်းချပါသည်။
မြေအသုံးချမှု
=======
၁။ အသားတင်စိုက်ပျိုးမြေ(၂၀၉၅၅၅)ဧက
(က)လယ်မြေ(၄၁၂၃၅)ဧက
(ခ)ယာမြေ(၁၆၃၂၇၉)ဧက
(ဂ)ကိုင်း/ကျွန်းမြေ(၄၉၆၄)ဧက
(ဃ)ဉယျာဉ်မြေ(၇၇)ဧက
၂။ လှပ်ထားမြေဧရိယာ (၆၅၄)
(က) ယာမြေ(၆၅၄)
၃။ မြို့မြေ (၁၃၇၅)
၄။ ရွာမြေ(၄၉၆၀)
၅။ အခြားမြေ (၄၈၀၇၉)
၆။ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောဧရိယာ(၁၁၃၅၁၇)
၇။ တောရိုင်း(၂၈၃၃၁၁)
၈။ မြေရိုင်း (၈၄)
ဆည်မြောင်းတာတမံနှင့်ဆည်ရေသောက်ဧရိယာ
===========================
(က) အစိုးရဆည်များ
၁။ ဘွတ်ကြီး(ရေလှောင်တမံ) (၆၉၆၆)
၂။ ပဒဲ(ရေလှောင်တမံ) (၅၄၀၀)
၃။ ပြဲသာ (ရေလှောင်တမံ) (၅၈၂)
(ခ) ကိုယ်အားကိုယ်ကိုးဆည်များ
၁။ မိုးကောင်း (ရေသွယ်) (၂၄၄)
၂။ ရွှေညောင်ပင် (မြောင်း) (၁၈၈)
၃။ တောင်နံ့သာ (ရေလွှဲစနစ်) (၉၀)
၄။ ကျောက်ဆည်(ရေလွှဲစနစ်) (၁၅၁)
၅။ ဆင်တုတ် (ရေလွှဲစနစ်) (၅၀)
၆။ ကျွဲသေ (ရေလွှဲစနစ်) (၂၃)
(ဂ) မြစ်ရေတင်စီမံကိန်းများ
၁။ ပန်းမတ (ရေသွယ်) ဆည်ရေသောက်ဧရိယာ(၆၁၀)
၂။ ရုံးဆိပ် (မြောင်း) ဆည်ရေသောက်ဧရိယာ (၃၄၅)
၃။ နံဇူပင် (ရေလွှဲစနစ်) ဆည်ရေသောက်ဧရိယာ (၃၄၅)
၄။ ဒုရင်္ဂဗိုလ် (ရေလွှဲစနစ်) ဆည်ရေသောက်ဧရိယာ (၇၉၃၀)
၅။ ဇေယျာ (ရေလွှဲစနစ်) ဆည်ရေသောက်ဧရိယာ (၆၉၀)
(ဃ) တာတမံ/ရေထိန်းတံခါး
ဒုရင်္ဂဗိုလ် မြစ်ရေတင် (တာတမံ-၁) အရှည်ပေ (၁၀၀၀၀) အကျိုးပြုဧက (၄၀၀)
(တာတမံ-၂) အရှည်ပေ (၈၅၀၀) အကျိုးပြုဧက (၆၀၀)
(တာတမံ-၃) အရှည်ပေ (၂၆၅၀၀) အကျိုးပြုဧက (၁၀၀၀)
(တာတမံ-၄) အရှည်ပေ (၁၇၅၀) အကျိုးပြုဧက (၁၀၀၀)
စိုက်ပျိုးရေးလုပ်ငန်း
*****************
အောင်လံမြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်သည့် အဓိကသီးနှံ (၁၀)မျိုးမှာ စပါး၊ မြေပဲ၊ နှမ်း၊ နေကြ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ဝါ၊ ကြံ၊ အစေ့ထုတ်ပြောင်း တို့ဖြစ်သည်။
နှစ်ရှည်သီးနှံစိုက်ပျိုးမှုအခြေအနေ
==================
၁။ သစ်ဆိမ့် (၃၆)ဧက
၂။ အုန်း(၇)ဧက
အခြားဈေးကွက်ဝင်သီးနှံများစိုက်ပျိုးထုတ်လုပ်မှု
==========================
၁။ ကြက်သွန်နီ (၁၃၇၄)ဧက
၂။ ကုလားပဲ (၂၃၃၃)ဧက
၃။ ဟင်းသီး ဟင်းရွက်(၁၂၀၂)ဧက
လယ်ယာသုံးစက်ကိရိယာသုံးစွဲမှုအခြေအနေ
========================
(က) အစိုးရ
(၁) လယ်ထွန်စက်(၁၅)
(၂) Combine Havester (၇)
(ခ) ပုဂ္ဂလိက
(၁) လယ်ထွန်စက် (၃၄၅)
(၂) Combine Havester (၁)
(၃) ခြွေလှေ့စက် (၄၆၀)
(၄) ရေစုပ်စက် (၅၇၀)
မွေးမြူရေးလုပ်ငန်း
==========
အောင်လံမြို့နယ်၏မွေးမြူရေးလုပ်ငန်းဆောင်ရွက်နိုင်မှုမှာ
(က) မြို့နယ်မွေးမြူရေး(ကောင်ရေ)
(၁) ကျွဲ (၅၈၅၀)
(၂) နွား (၁၈၈၂၆၂)
(၃) ဝက် (၂၄၃၇၁၂)
(၄) ကြက် (၄၆၃၀၅၉၂)
(၅) ဘဲ (၇၃၃၈၃)
(၆) ဆိတ်/သိုး(၃၅၇၅၃/၅၅၆)
(ခ) မြို့နယ်နို့ထွက်ပစ္စည်းထုတ်လုပ်မှု
(၁) နို့စားနွား ကောင်ရေ (၆၇၄)
(ဂ) မြို့နယ်ငါး၊ ပုစွန် မွေးမြူမှုအခြေအနေ ကန်အရေအတွက်၊ ချောက်(၁၀.၀၂)ဧက
စက်မှုလက်မှုလုပ်ငန်းများ
==============
(က) မြို့နယ်ရှိစက်ရုံများ
(၁) ဒုရင်္ဂဗိုလ်သကြားစက် ပုဂ္ဂလီကပိုင်(၁) လုပ်သားအင်အား (၂၉၅)
(၂) ဓါတ်မြေဩဇာစက်ရုံ နိုင်ငံပိုင်(၁) လုပ်သားအင်အား(၅၆)
(၃) အမှတ်(၉၆)သစ်စက် နိုင်ငံပိုင်(၁) လုပ်သားအင်အား(၁၃၂)
(၄) သံမဏိစက်ရုံ စက်ရုံ ပုဂ္ဂလိကစက်ရုံ(၁)လုပ်သားအင်အား(၁၇၆)
(၅)မီးခံအုတ်စက်ရုံ စက်ရုံ ပုဂ္ဂလိပိုင်(၁) လုပ်သားအင်အား(၁၃၀)
(၆)ဝါကြိတ်စက်ရုံ စက်ရုံ နိုင်ငံပိုင်(၁) လုပ််သားအင်အား(၅)
(ခ) မြို့နယ်ရှိအလုပ်ရုံများ
စဉ် အလုပ်ရုံအမည် အမျိုးအစား နိုင်ငံပိုင် ပုဂ္ဂလိကပိုင် လုပ်သားအင်အား
_________________________________________________________________________
(၁) အထွေထွေအင်ဂျင်နီယာလုပ်ငန်း ပုဂ္ဂလိကပိုင်(၁၅) လုပ်သားအင်အာ(၃၁)
(၂) စာသောက်ကုန်လုပ်ငန်း ပုဂ္ဂလိကပိုင်(၄) လုပ်သားအင်အာ(၅၀)
(၃) ဓါတုဗေဒနှင့်အလားတူလုပ်ငန်း နိုင်ငံပိုင်(၁) ပုဂ္ဂလိကပိုင်(၄၄) လုပ်သားအင်အာ(၄၇၂)
(၄) စက္ကနှင့်ပုံနှိပ်လုပ်ငန်း ပုဂ္ဂလိကပိုင်(၃) လုပ်သားအင်အာ(၁၀)
(၅) သစ်အခြေခံနှင့်ကြွေထည်၊မြေထည်လုပ်ငန်း နိုင်ငံပိုင်(၁) လုပ်သားအင်အာ(၈၃)
(၆) ယက်လုပ်ခြင်းနှင့်ထုတ်ပိုးခြင်းလုပ်ငန်း ပုဂ္ဂလိကပိုင်(၄) လုပ်သားအင်အာ(၄၇)
(၇) အထွေထွေလုပ်ငန်း ပုဂ္ဂလိကပိုင်(၄) လုပ်သားအင်အာ(၃၁)
(ဂ) အိမ်တွင်စက်မှုလက်မှုလုပ်ငန်းများ
စဉ် စက်ရုံ/အလုပ်ရုံအမျိုးအစား အရေအတွက် လုပ်သားအင်အား
______________________________________________________
(၁) စာသောက်ဆိုင်လုပ်ငန်း အရေအတွက် (၉၆၆) လုပ်သားအင်အား (၂၉၅၀)
(၂) ဝတ်ဆင်ရေးလုပ်ငန်း အရေအတွက် (၃၇) လုပ်သားအင်အား (၂၁၀)
(၃) နေထိုင်ရေးလုပ်ငန်း အရေအတွက် (၅၀) လုပ်သားအင်အား (၃၃၀)
(၄) လူသုံးကုန်ပစ္စည်းလုပ်ငန်း အရေအတွက် (၁) လုပ်သားအင်အား (၄)
(၅) အိမ်သုံးပစ္စည်းလုပ်ငန်း အရေအတွက် (၇) လုပ်သားအင်အား (၄၅)
(၆) စာပေအနုပညာလုပ်ငန်း အရေအတွက် (၁၉) လုပ်သားအင်အား (၁၅၅)
(၇) ကုန်ကြမ်းပစ္စည်းလုပ်ငန်း အရေအတွက် (၃၃) လုပ်သားအင်အား (၁၀၉)
(၈) ဓါတ်သတ္တုပစ္စည်းလုပ်ငန်း အရေအတွက် (၃၉) လုပ်သားအင်အား (၁၆၂)
(၉) စိုက်ပျိုးရေးကရိယာထုတ်လုပ်ရေးလုပ်ငန်း အရေအတွက် (၁) လုပ်သားအင်အား (၅)
(၁၀) အထွေထွေစက်မှုလုပ်ငန်း အရေအတွက် (၁၅၃) လုပ်သားအင်အား (၆၂၀)
သစ်တောများ
========
အောင်လံမြို့နယ် သစ်တောကြိုးဝိုင်းသည် (၁၁၁၂၇၄.၅၂)ဧက ကျယ်ဝန်းပြီး ကျွန်း၊ ပျဉ်းကတိုး၊ အင်၊ သစ်ရာ၊ ပိတောက်၊ ရုန်း၊ ထောက်ကြံ့၊ အင်ကြင်း၊ မျှင်ဝါး၊ တင်းဝါး၊ လိန်၊ နံဘဲ၊ ကြသောင်းဝါး၊ ဒဟတ်၊ သန်း၊ ရွား၊ တယ်၊ ဖတ်ဝန်း၊ ဖတ်သန်း၊ လက်ထုပ် စသည့်အပင်များ ပေါက်ရောက်ပါသည်။
အောင်လံမြို့ သစ်တောကြိုးပြင်သည် (၂၂၄၅.၂၄၇)ဧက ကျယ်ဝန်းပြီး ရုန်း၊ လိန်၊ စစ်၊ ရွား၊ နဘဲ၊ ဒီးဒူး စသည့်အပင်များပေါက်ရောက်ပါသည်။
စက်သုံးဆီအရောင်းဆိုင်များ
===============
၁။ မြဝတီ
၂။ Green Power
၃။ USK
၄။ ဇာမဏီ
၅။ စိန္နီလာ
၆။ စိန်နန်းတော်
၇။ ကျော်စံ
၈။ Sun Light
၉။ ထိပ်တန်း
ဓာတ်အားခွဲရုံအမည်နှင့်ဖြန့်ဖြူးသည့်ဓာတ်အား(KW)
==============================
၁။ အောင်လံခွဲရုံ နိုင်ငံပိုင် (၂)လုံး ရရှိဖြန့်ဖြူးသည့်ဓါတ်အား (၈၀၀၀KW)
၂။ ပျဉ်းပင်လှခွဲရုံ နိုင်ငံပိုင် (၁)လုံး ရရှိဖြန့်ဖြူးသည့်ဓါတ်အား (၄၀၀၀KW)
၃။ ရုံးဆိပ်ခွဲရုံ နိုင်ငံပိုင် (၁)လုံး ရရှိဖြန့်ဖြူးသည့်ဓါတ်အား (၃၂၀၀KW)
၄။ ဒုရင်္ဂဗိုလ်ရေတင် နိုင်ငံပိုင် (၁)လုံး ရရှိဖြန့်ဖြူးသည့်ဓါတ်အား (၃၆၀၀KW)
၅။ ဒုရင်္ဂဗိုလ် သကြားစက် နိုင်ငံပိုင် (၁)လုံး ရရှိဖြန့်ဖြူးသည့်ဓါတ်အား (၁၆၀၀KW)
၆။ ကျောက်ဆွယ်ကျိုး(သံမဏိစက်ရုံ) နိုင်ငံပိုင် (၁)လုံး ရရှိဖြန့်ဖြူးသည့်ဓါတ်အား (၂၄၀၀၀KW)
၇။ ကမစ(၁၅) နိုင်ငံပိုင် (၁)လုံး ရရှိဖြန့်ဖြူးသည့်ဓါတ်အား (၁၆၀၀၀KW)
၈။ ကျော်စွာဓါတ်မြေဩဇာ နိုင်ငံပိုင် (၁)လုံး ရရှိဖြန့်ဖြူးသည့်ဓါတ်အား (၅၀၄၀၀KW)
ထရန်စဖော်မာအရေအတွက်
================
၁။ ထရန်စဖော်မာအမျိုးအစား(၅၀ KVA) အရေအတွက်(၁၁) ဖြန်ဖြူးသည့်ဓါတ်အား(ကီလိုဝပ်-၄၄၀)
၂။ ထရန်စဖော်မာအမျိုးအစား(၁၀၀KVA) အရေအတွက်(၄) ဖြန်ဖြူးသည့်ဓါတ်အား(ကီလိုဝပ်-၃၂၀၀)
၃။ ထရန်စဖော်မာအမျိုးအစား(၁၆၀ KVA) အရေအတွက်(၉) ဖြန်ဖြူးသည့်ဓါတ်အား(ကီလိုဝပ်-၁၁၅၂)
၄။ ထရန်စဖော်မာအမျိုးအစား(၂၀၀ KVA) အရေအတွက်(၁၀၄) ဖြန်ဖြူးသည့်ဓါတ်အား(ကီလိုဝပ်-၁၁၆၆၄၀)
၅။ ထရန်စဖော်မာအမျိုးအစား(၂၅၀ KVA) အရေအတွက်(၁) ဖြန်ဖြူးသည့်ဓါတ်အား(ကီလိုဝပ်-၂၀၀)
၆။ ထရန်စဖော်မာအမျိုးအစား(၃၁၅ KVA) အရေအတွက်(၈) ဖြန်ဖြူးသည့်ဓါတ်အား(ကီလိုဝပ်-၂၀၁၆)
၇။ ထရန်စဖော်မာအမျိုးအစား(၇၅၀ KVA) အရေအတွက်(၁) ဖြန်ဖြူးသည့်ဓါတ်အား(ကီလိုဝပ်-၆၀၀)
၈။ ထရန်စဖော်မာအမျိုးအစား(၈၈၅ KVA) အရေအတွက်(၁) ဖြန်ဖြူးသည့်ဓါတ်အား(ကီလိုဝပ်-၇၀၈)
အောင်လံမြို့နယ်တွင် လျှပ်စစ်ဓာတ်အားလိုအပ်သည့်ပမာဏ (၆၁၀၀ KW) ရှိပြီး ရရှိသည့်ပမာဏ (၆၁၀၀KW) နှင့် သုံးစြဲပမာဏ(၆၁၀၀KW) ဖြစ်ပါသည်။
ဆက်သွယ်ရေး
========
အောင်လံမြို့နယ်၏ဆက်သွယ်ရေး ကဏ္႑တွင် စာတိုက်(၁)၊ ကြေးနန်း(၁)၊ အော်တိုဖုန်း (၁၄၇၇)လုံး၊ မိုဘိုင်း(၇၈၂၄၄)၊ အင်တာနက် လက်ခံသူဦးရေ (၂၁၄၆၈၇)၊ အင်တာနက်အသုံးပြုသူဦးရေ(၂၁၄၆၈၇) ဖြစ်ပါသည်။အောင်လံမြို့နယ်တွင် လူဦးရေး(၂၃၉၇၆၆)ရွိရာ ဖုန်း(၇၈၂၄၄)လုံးအသုံးပြလျှက်ရှိသဖြင့် ဖုန်းသုံးစွဲမှု ရာခိုင်နှုန်းမှာ(၃၂%) ဖြစ်ပါသည်။
အောင်လံမြို့နယ်တွင် ထပ်ဆင့်အသံလွင့်စက်ရုံ (၁)ရှိပါသည်။
ပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေး
======================
ရေကြောင်းလမ်း
အောင်လံမြို့နယ်၏ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးမှာ အောင်လံ-ပြည် ရေကြောင်းဆိပ်(၄၅)မိုင် အောင်လံ-မန္တလေး ဈေးဆိပ်မှ(၂၈၉)မိုင် ရှိပါသည်။
ရထားလမ်းနှင့်ဘူတာရုံများ
အောင်လံမြို့နယ်မှ အောင်လံ-ပြည် ရထားလမ်းတွင်(၄၅)မိုင်ရှိပြီး ဘူတာရုံအကြီး(၆)ခုနှင့်အသေး (၁)
အောင်လံမြို့နယ်မှ အောင်လံ-ရန်ကုန် ရထားလမ်းတွင်(၁၉၈)မိုင်ရှိပြီး ဘူတာရုံအကြီး(၆)ခုနှင့်အသေး (၁)
အောင်လံမြို့နယ်မှ အောင်လံ-နေပြည်တော် ရထားလမ်းတွင် (၂၁၆)မိုင်ရှိပြီးဘူတာရုံအကြီး(၆)ခုနှင့်အသေး (၁)
အောင်လံမြို့နယ်မှ အောင်လံ-ပုဂံ ရထားလမ်းတွင်(၁၆၁)မိုင်ရှိပြီး ဘူတာရုံအကြီး(၆)ခုနှင့်အသေး (၁)
အောင်လံမြို့နယ်အတွင်း လမ်းပိုင်း (၃၉)မိုင် ရှိပါသည်။
ကားဂိတ်များ
=======
ကားဂိတ်များနှင့်ပြေးဆွဲသည့်ခရီးစဉ်များ
၁။ အောင်လံ-ဒဂုံ (အောင်လံ-ရန်ကုန်)
၂။ ကနောင်မင်းသား (အောင်လံ-ရန်ကုန်)
၃။ အာရွ(အောင်လံ-ရန်ကုန်)
၄။ နယူးအောင်ကျော်မိုး(အောင်လံ-ရန်ကုန်)
၅။ဂန္ဂဝင်သစ် (အောင်လံ-ရန်ကုန်)
၆။ ဘုန်းမြတ်ပိုင်(အောင်လံ-ရန်ကုန်)
၇။ အောင်ကျော်မိုး(အောင်လံ-ရန်ကုန်)
၈။ စွယ်တော်ဖူး (အောင်လံ-မေကြး-ပြည်)
၉။ အောင်လံမိုး (အောင်လံ-မေကြး-ပြည်-နေပြည်တော်-မန္တလေး-မူဆယ်-မြဝတီ)
၁၀။ နယူးအောင်လံ(အောင်လံ-မေကြး-ပြည်-နေပြည်တော်-မန္တလေး-လွိုင်ကော်-မူဆယ်)
၁၁။ ပန်းတိုင်(အောင်လံ-မေကြး- မန္တလေး)
၁၂။ ဉဒေါင်းမင်း(အောင်လံ-ကျောက်ပန်းတောင်း-သမ်ဘူလ)
၁၃။ အောင်မြေညွန့် (အောင်လံ-သမ်ဘူလ)
၁၄။ ရွှေအောင်လံ(အောင်လံ-ရွှေပန်းတော)
၁၅။ ရွှေရဲအောင် (အောင်လံ-ရွှေပန်းတော)
၁၆။ အောင်အောင်မင်း(အောင်လံ-ရွှေပန်းတော)
၁၇။ ထူးအောင်လံ (အောင်လံ-ရွှေပန်းတော)
၁၈။ ရွှေဟင်္သာ (အောင်လံ-ရွှေပန်းတော)
၁၉။ ခရေပင်ဂိတ် (အောင်လံ-တလုပ်ချောင်း)
၂၀။ နယူးသိရိ ရတနာ (ရန်ကုန်-ပြည်-အောင်လံ)
ကားလမ်းများ
========
၁။ အောင်လံ-ပြည်
၂။ အောင်လံ-တောင်တွင်း
၃။ အောင်လံ-နေပြည်တော်
၄။ အောင်လံ- ရန်ကုန်
၅။ အောင်လံ- မေကြး
ပေ(၁၈၀) အထက် တံတားမ်ား
=================
၁။ ဘွတ်ကြီးတံတား(၁၇၇၀)ပေ သံကူကွန်ဂရစ်
၂။ ကြေးနီချောင်းတံတား (၃၀၆)ပေ သံကူကွန်ဂရစ်
ဈေးတည်နေရာများ
===========
၁။ မြို့မဈေးကြီး (ကန်ကြီးရပ်ကွက်)
၂။ အမှတ်(၂)ဈေး (ရွာထောင်ရပ်ကွက်)
၃။ မြနန္ဒာဈေး (ကန်ကြီးရပ်ကွက်)
ဘဏ္မ်ား
======
အောင်လံမြို့တွင် အစိုးရဘဏ်(၁)ဘဏ်နှင့် ပုဂ္ဂလိကဘဏ်(၁၀)ဘဏ် စုစုပေါင်း (၁၁)ဘဏ်ရှိပါသည်။
စတိုးဆိုင်နှင့်အရောင်းဆိုင်များအရေအတွက်
========================
၁။ စတိုးဆိုင် (၅၁)ဆိုင်
၂။ ရွှေဆိုင် (၅၀)ဆိုင်
၃။ လျှပ်စစ်ပစ္စည်းဆိုင် (၆)ဆိုင်
၄။ ဖုန်း/ဖုန်းပစ္စည်းအရောင်းဆိုင်/စက္ဘီး ဆိုင်ကယ်ဆိုင် (၃၉)ဆိုင်
၅။ စာအုပ်ဆိုင် (၂)ဆိုင်
၆။ ဆေးဆိုင် (၂၉)ဆိုင်
၇။ စာသောက်ဆိုင် (၇)ဆိုင်
၈။ လက်ဘက်ရည်ဆိုင် (၄၁)ဆိုင်
၉။ ကုန်မာဆိုင် (၆၃) ဆိုင်
၁၀။ စိုက်ပျိုးရေးပစ္စည်းဆိုင် (၁၇)ဆိုင်
၁၁။ ဆောက်လုပ်ရေးပစ္စည်းဆိုင် (၉)ဆိုင်
၁၂။ ဝန်ဆောင်မှုလုပ်ငန်းဆိုင် (ရေတင်ရောင်း-၃ဆိုင်)
၁၃။ ဆန်ဆိုင် (၃၂)ဆိုင်
၁၄။ အဝတ်အထည်ဆိုင် (၅)ဆိုင်
၁၅။ နိဗ္ဗာန်ကုန်ဆိုင် (၅)ဆိုင်
ပညာရေးကဏ္႑
========
အခြေခံပညာအထက်တန်းကျောင်းများ
=====================
စဉ်၊ကျောင်းအမည်၊တည်နေရာ
________________________
၁။ အ-ထ-က(၁) (စမ်းချောင်း)
၂။ အ-ထ-က(၂) (မကျီးကုန်း)
၃။ အ-ထ-က (ညောင်ပင်ဆိပ်)
၄။ အ-ထ-က (ပြလို့)
၅။ အ-ထ-က (ကျော်စွာ)
၆။ အ-ထ-က (ရွှေပန်းတော)
၇။ အ-ထ-က (၃) (ရွာထောင်)
၈။ အ-ထ-က ( သမ္ဘူလ )
၉။ အ-ထ-က ( မြို့လှ )
၁၀။ အ-ထ-က (ကျီရပ်ကုန်း)
၁၁။ အ-ထ-က (သပြေပင်)
၁၂။ အ-ထ-က ( ပြကြီး)
၁၃။ အ-ထ-က (မောက်တင်)
အခြေခံပညာအထက်တန်းကျောင်းခွဲများ
======================
စဉ်၊ကျောင်းအမည်၊တည်နေရာ
________________________
၁။ အ-ထ-က(ခြဲ) ညောင်ပင်ဝိုင်း
၂။ အ-ထ-က(ခြဲ) ထောက်ကြံတိုင်း
၃။ အ-ထ-က(ခြဲ) ငါ့ပြင်း
၄။ အ-ထ-က(ခြဲ) မိုးကောင်း
၅။ အ-ထ-က(ခြဲ) ရွာမထုံး
၆။ အ-ထ-က(ခြဲ) အင်းလယ်
၇။ အ-ထ-က(ခြဲ) ထမကန်
၈။ အ-ထ-က(ခြဲ) ကြက်ရုံးလေး
၉။ အ-ထ-က(ခြဲ) လှံတင်
၁၀။ အ-ထ-က(ခြဲ) စခန်းကြီး
၁၁။ အ-ထ-က(ခြဲ) ကျောက်ဆည်
၁၂။ အ-ထ-က(ခြဲ) ငမဲကန်
၁၃။ အ-ထ-က(ခြဲ) လက်ပကန်
၁၄။ အ-ထ-က(ခြဲ) လက်ပတုန်း
၁၅။ အ-ထ-က(ခြဲ) ဗိုလ်လုကုန်း
၁၆။ အ-ထ-က(ခြဲ) မိုးဖုန်း
၁၇။ အ-ထ-က(ခြဲ) မဟာဇင်
၁၈။ အ-ထ-က(ခြဲ) စကြီး
၁၉။ အ-ထ-က(ခြဲ) ဒါန်းဒေါင့်
၂၀။ အ-ထ-က(ခြဲ) ကရင်မစမ်း
၂၁။ အ-ထ-က(ခြဲ) မြို့သစ်
၂၂။ အ-ထ-က(ခြဲ) မဲခေါင်
၂၃။ အ-ထ-က(ခြဲ) တလုပ်ပင်
၂၄။ အ-ထ-က(ခြဲ) တယ်ပင်
၂၅။ အ-ထ-က(ခြဲ) ရွာမထုံး
၂၆။ အ-ထ-က(ခြဲ) တင်းကုတ်
၂၇။ အ-ထ-က(ခြဲ) ကွမ်းလောင်း
အခြေခံပညာအလယ်တန်းကျောင်းများ
=====================
စဉ်၊ကျောင်းအမည်၊တည်နေရာ
________________________
၁။ အ-လ-က ( ဆင်တုတ် )
၂။ အ-လ-က ( ရေနံကြီး )
၃။ အ-လ-က ( ကျာသေ )
၄။ အ-လ-က ( နတ်မောက် )
၅။ အ-လ-က ( သုံးရွာဆိုင်)
၆။ အ-လ-က ( မိုးဖုန်း )
၇။ အ-လ-က ( ပိန်းအင်း )
၈။ အ-လ-က ( ရွာပြင်း )
၉။ အ-လ-က ( တင်ကုတ် )
၁၀။ အ-လ-က ( ညောင်အိုင် )
၁၁။ အ-လ-က ( ကျောက်ပန်းတောင်း )
၁၂။ အ-လ-က ( မောက်တင် )
၁၃။ အ-လ-က ( တယ်ပင် )
၁၄။ အ-လ-က ( ကျွဲသေ )
၁၅။ အ-လ-က ( တင်တော )
၁၆။ အ-လ-က ( တယ်ပင် )
၁၇။ အ-လ-က ( ဒါးစမ်း )
၁၈။ အ-လ-က ( လက်မြောင် )
၁၉။ အ-လ-က ( ဒုရင်္ဂဗိုလ် )
၂၀။ အ-လ-က ( အင်းကုန်း )
၂၁။ အ-လ-က ( ငမဲကန် )
၂၂။ အ-လ-က ( အုတ်ရှစ်ကုန်း )
၂၃။ အ-လ-က ( ဟိုင်းကြီးဒိုး )
၂၄။ အ-လ-က ( ညောင်အိုင် )
၂၅။ အ-လ-က ( ဘရဲ )
၂၆။ အ-လ-က ( ကလုံမော် )
၂၇။ အ-လ-က ( ထမကန် )
၂၈။ အ-လ-က ( တလုပ်ပင် )
၂၉။ အ-လ-က ( လှံတင် )
၃၀။ အ-လ-က ( မောင်မလှုပ် )
၃၁။ အ-လ-က ( ကရင်မစမ်း )
၃၂။ အ-လ-က ( တင်တော )
၃၃။ အ-လ-က ( ရွှေညောင်ပင် )
၃၄။ အ-လ-က ( ကသစ်စမ်း )
၃၅။ အ-လ-က ( ကျောက်အိုး(ရှေ့ )
၃၆။ အ-လ-က ( မုန့်ညှင်းရိုး )
၃၇။ အ-လ-က ( ကရင်မစမ်း )
၃၈။ အ-လ-က ( ရွှေပန်းတောလေး)
၃၉။ အ-လ-က ( စစ်အောင် )
၄၀။ အ-လ-က ( နံဇူပင် )
အခြေခံပညာအလယ်တန်းကျောင်းခွဲများ
======================
စဉ်၊ကျောင်းအမည်၊တည်နေရာ
________________________
၁။ အ-လ-က (ခြဲ) ( မောင်မလှုပ် )
၂။ အ-လ-က (ခြဲ) ( မြင်ကပိုင် )
၃။ အ-လ-က (ခြဲ) ( အောင်မြေကုန်း )
၄။ အ-လ-က (ခြဲ) (စျမ )
၅။ အ-လ-က (ခြဲ) (စီရွာ )
၆။ အ-လ-က (ခြဲ) ( ညောင်ပင်ဝိုင်း )
၇။ အ-လ-က (ခြဲ) ( ပျဉ်ပုံ )
၈။ အ-လ-က (ခြဲ) (သမ်ဘူလ )
၉။ အ-လ-က (ခြဲ) (ဗြန်ဒီ )
၁၀။ အ-လ-က (ခြဲ) ( သဖန်းစမ်း)
၁၁။ အ-လ-က (ခြဲ) (ဆတ္ဆူဝ )
၁၂။ အ-လ-က (ခြဲ) (အင်းလယ် )
၁၃။ အ-လ-က (ခြဲ) (ဒါးစမ်း)
၁၄။ အ-လ-က (ခြဲ) (ကွမ်းလောင်း )
၁၅။ အ-လ-က (ခြဲ) (သစ်ခေါင်းတီး )
၁၆။ အ-လ-က (ခြဲ) (မလယ္သာ )
၁၇။ အ-လ-က (ခြဲ) (ကြက်ရုံးလေး )
၁၈။ အ-လ-က (ခြဲ) (စစ်အောင် )
၁၉။ အ-လ-က (ခြဲ) ( မြင်းကပိုင် )
၂၀။ အ-လ-က (ခြဲ) (စျမ )
၂၁။ အ-လ-က (ခြဲ) ( ကျောက်ပန်းတောင်း )
၂၂။ အ-လ-က (ခြဲ) (တယ်ပင် )
၂၃။ အ-လ-က (ခြဲ) (တောင်နံ့သာ )
၂၄။ အ-လ-က (ခြဲ) ( ကျွဲသေ )
၂၅။ အ-လ-က (ခြဲ) (ပြလို့)
၂၆။ အ-လ-က (ခြဲ) (ဆတ္ဆူတ )
၂၇။ အ-လ-က (ခြဲ) (ကိုးတောင် )
၂၈။ အ-လ-က (ခြဲ) (အုတ်ရှစ်ကုန်း )
၂၉။ အ-လ-က (ခြဲ) ( ဒါန်းဒေါင့်)
၃၀။ အ-လ-က (ခြဲ) ( သစ်ခေါင်းတီး )
အခြေခံပညာမူလတန်းလွန်ကျောင်းများ
=====================
(၄၇)ကျောင်းရှိပါသည်။
အခြေခံပညာမူလတန်းကျောင်းများ
===================
(၉၅)ကျောင်းရှိပါသည်။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
====================
စဉ်၊ကျောင်းအမည်၊တည်နေရာ
________________________
၁။ ဘက- အမက စခန်းသာ (စက်ရုံ )
၂။ ဘက-မူလွန်ဇေယျသုခ (စမ်းချောင်း)
၃။ ဘက-မူလွန်ဉာဏလင်္ကာရ (ကသစ်ကန်)
ကျန်းမာရေးကဏ္႑
=========
ဆေးရုံများ
=====
စဉ်၊ဆေးရုံအမည်၊တည်နေရာ၊
_______________________
၁။ မြို့နယ်ပြည်သူ့ဆေးရုံ (အောင်လံမြို့)
၂။ ပြလို့တိုက်နယ် (ပြလို့)
၃။ ရွှေပန်းတောတိုက်နယ်(ရွှေပန်းတော)
၄။ ညောင်ပင်ဆိပ်ဆေးရုံ(ညောင်ပင်ဆိပ်)
၅။ ကျောက်ပန်းတောင်း(ကျောက်ပန်းတောင်း)
၆။ ရေနံကြီး(ရေနံကြီး)
ဆေးပေးခန်းများ
=========
စဉ်၊အမည်၊တည်နေရာ၊အစိုးရ/ပုဂ္ဂလိက၊ကုသသည့်ရောဂါ
________________________________
၁။ မြတ်ဆေးရုံ (စက်ရုံ)၊ပုဂ္ဂလိက၊ အေထြေထြေရာဂါကု
၂။ အောင်တံခွန် (စက်ရုံ)၊ပုဂ္ဂလိက၊ အေထြေထြေရာဂါကု
၃။ တော်ဝင် (စမ်းချောင်း)၊ပုဂ္ဂလိက၊ အေထြေထြေရာဂါကု
၄။ ကောင်းမြတ်မွန်(ရွာထောင်)၊ပုဂ္ဂလိက၊ အေထြေထြေရာဂါကု
၅။ ရတနာဖြိုး (ရွာထောင်)၊ပုဂ္ဂလိက၊ အေထြေထြေရာဂါကု
၆။ အေးချမ်းမိုး (တရော်ကုန်း)၊ပုဂ္ဂလိက၊ အေထြေထြေရာဂါကု
၇။ အင်းလေး (ကန်ကြီး)၊ပုဂ္ဂလိက၊ အေထြေထြေရာဂါကု
၈။ ပြည့်စုံကျော် (တရော်ကုန်း)၊ပုဂ္ဂလိက၊ အေထြေထြေရာဂါကု
၉။ သဇင်ထွန်း(တရော်ကုန်း)၊ပုဂ္ဂလိက၊ အေထြေထြေရာဂါကု
၁၀။ ကောင်းမြတ်မွန် (ကန်ကြီး)၊ပုဂ္ဂလိက၊ အေထြေထြေရာဂါကု
၁၁။ တော်ဝင် (တရော်ကုန်း)၊ပုဂ္ဂလိက၊ အေထြေထြေရာဂါကု
၁၂။ မြဧရာ (ကန်ကြီး)၊ပုဂ္ဂလိက၊ အေထြေထြေရာဂါကု
၁၃။ ထွန်း (ကန်ကြီး)၊ပုဂ္ဂလိက၊ အေထြေထြေရာဂါကု
၁၄။ ကြည်သာ (တရော်ကုန်း)၊ ပုဂ္ဂလိက၊ သွားဆေးခန်း
၁၅။ နှင်းပွင့် (တရော်ကုန်း)၊ ပုဂ္ဂလိက၊ သွားဆေးခန်း
၁၆။ ပုလဲသုခ (တရော်ကုန်း)၊ ပုဂ္ဂလိက၊ သွားဆေးခန်း
၁၇။ မိခင်ကလေးသားဖွားခန်း၊ (စမ်းချောင်း)၊ ပုဂ္ဂလိက၊ သားဖြား
ကျေးလက်ကျန်းမာရေးဌာန/ဌာနခြဲ
___________________________
၁။ ရွှေပန်းတော(ဟိုင်းကြီးဒိုး၊ ဘရဲ၊ နတ်မောက်၊ သုံးရွာဆိုင်၊ ကျောက်တန်း)
၂။ သမ်ဘူလ(ရွာမထုံး၊ ဗိုလ်လုကုန်း၊ ပိန်းအင်း၊ မြို့လှ၊ ဆင်တဲ)
၃။ ကျောက်ပန်းတောင်း(သပြေပင်၊ ရေပေါ်၊ မြို့လှ၊ ညောင်ပင်ဝိုင်း)
၄။ တလုပ်ပင်(လှံတင်၊ ကရင်မစန်း၊ တုံးကြို့၊ တလဘား)
၅။ ရေနံကြီး(ရေပြင်း၊ မောက်တင်၊ တလုပ်ချောင်း၊ ကြက်ရုံးလေး၊ မောင်တင်)
၆။ ညောင်ပင်ဆိပ်(ကွမ်းလောင်း၊ ကျွဲသေ၊ ကလုံမော်၊ မင်းကန်၊ ထိန်အင်း)
၇။ စီ(လက်ပန်လှ၊ ဆင်တုတ်၊ အင်းရွာကြီး၊ ဂွေးချို)
၈။ ပြလို့(လက်မြောင်၊ မြစ်နား၊ ကျောက်ဆည်၊ ထောက်ကြံတိုင်း)
၉။ အင်းလယ်( ချင်းစခန်းကြီး၊ တင်းတော၊ ကသစ်စန်း၊ ရဲဒင်)
ဒေသအတွင်းအများဆုံးဖြစ်တတ်သောရောဂါများ
==========================
ဝမ်းလျှော၊ တီဘီ၊ ဝမ်းကိုက်၊ အသည်းရောင်၊
ဘာသာရေးဆိုင်ရာအချက်အလက်များ
=====================
ဗုဒ္ဓဘာသာဆိုင်ရာသာသနိကအဆောက်အဉီများ
_____________________________________
စဉ်၊ဘုရား၊စေတီ၊ပုထိုးအမည်၊တည်နေရာ
၁။ ကုသိနာရုံ (စမ်းချောင်း)
၂။ ရွှေပြောင်ပြောင် (တရော်ကုန်း)
၃။ ကိုးသိန်းတောင်တော်(မကျီးကုန်း)
၄။ မြသိန်းတန် (ရွာထောင်)
၅။ သိမ်ကုန်း (ကန်ကြီး)
သမိုင်းဝင်ထင်ရှားသောအဆောက်အဦနှင့်နေရာများ
============================
စဉ်၊သမိုင်းဝင်အဆောက်အဦ၊တည်နေရာ
၁။ မြေထဲမြို့ဟောင်း (မိုးဖုန်းကျေးရွာအုပ်စု)
၂။ ကုသိနာရုံတောင်တော်(စမ်းချောင်းရပ်ကွက်)
၃။ သိမ်ကုန်းဓမ္မာရုံ (ကန်ကြီး)
အခြားဘာသာရေးအဆောက်အဦများ
====================
၁။ ခရစ်ယန်ဘာသာ(ဘုရားကျောင်း)မြို့(၁)၊ ကျေးလက်(၉)
၂။ အစ္စလန်ဘာသာ(ဘုရားကျောင်း) မြို့(၃)
၃။ ဟိန္ဒူဘာသာ(ဘုရားကျောင်း) မြို့(၂)၊ ကျေးလက်(၁)
၄။ တရုတ်ဘာသာ(ဘုရားကျောင်း) မြို့(၁)
Ref; IPRD Aunglan
Comments
Post a Comment
ဝေဖန်အကြံပြုချက်များ ရေးသားခဲ့နိုင်ပါသည်