အစာမကြေခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းတရားများ
အစာမကြေခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းတရားများ လူတိုင်းနီးပါး အစာမကြေခြင်းဝေဒနာကို ခံစားဖူးကြမှာပါ။ အစာမကြေခြင်းကို အင်္ဂလိပ်လို Indigestion လို့ခေါ်ပါတယ်။ ဆေးပညာအခေါ်ကတော့ Dyspepsia ပါ။ အစာမကြေတာဖြစ်တဲ့အခါ ဗိုက်အပေါ်ပိုင်းနေရာမှာ ပြည့်သလို ကယ်သလို ဖြစ်ကာ မအီမလယ် နေမထိထိုင်မသာ ခံစားရပါတယ်။ ဒါ့အပြင် ရင်ခေါင်းနေရာမှာ ပူသလိုခံစားရတာ၊ ပျို့ချင်တာ၊ အန်တာ၊ လေချဉ်တက်တာ၊ လေပွတာတွေလည် းခံစားရနိုင်ပါတယ်။ အစာမကြေဘူးလို့ပြောရင် အများစုအနေနဲ့က အစားများသွားလို့ သို့မဟုတ် ကောက်ညှင်း၊ ဆီကြော်၊ အဆီအဆိမ့် စတဲ့အစာကြေညက်ခဲတဲ့ အစာတွေစားမိလို့ လို့ ထင်တတ်ကြပါတယ်။ ဒါဟာ ရာနှုန်းပြည့်မမှန်ပါဘူး။ တခါတရံမှာ အစာကြေခဲတာတွေစားတာမျိုးမဟုတ်ဘဲ အစားများတာမျိုးမဟုတ်ဘဲ ပုံမှန်အစာကိုအနည်းငယ်ပမာဏစားမိရုံလောက် နဲ့ ဗိုက်ထဲမအီမသာဖြစ် ရင်ပြည့်ရင်ကယ်ဖြစ်ကာ အစာမကြေခြင်းခံစားရတာမျိုးလည်းရှိပါတယ်။ တခါတလေမှာကျ ဘာမှမစားမသောက်ထားရဘဲနဲ့ကို အစာမကြေသလို ဖြစ်နေတာမျိုးလည်းရှိပါတယ်။ အစာမကြေခြင်းဟာ အများစုသိသလို အစာအများကြီးစားမိလို့၊အစာမာတွေစားမိလို့ ပဲ ဖြစ်ရတာမဟုတ်ပါ။ အစာအများကြီးစားမိလို့၊ အစာမာတွေစားမိလို့အပြင် အစာမကြေခြင်းကိုဖြစ်စေနို...

Comments
Post a Comment
ဝေဖန်အကြံပြုချက်များ ရေးသားခဲ့နိုင်ပါသည်